လယ်ဝေး နိုဝင်ဘာ ၆
ပြည်ထောင်စုနယ်မြေ၊လယ်ဝေးမြို့နယ်၊ အေလာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်မေယဉ်မွန်က အမှာစကားပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်း ကျင်းပရာမြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အ.ထ.က (အေလာ) Grade.10 မှ မောင်ဟန်ထူးလွင်က လူငယ်နှင့်စာရိတ္တ၊ မောင်ဖုန်းမြတ်ကျော်က လူငယ်နှင့်စာဖတ်ခြင်း၊ မဖြိုးမြတ်စံက လူငယ်နှင့် ရည်မှန်းချက်၊ မမြတ်သင်းသင်းခိုင်က လူငယ်နှင့်ကျန်းမာရေး စသည့် ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာခေါင်းစဥ်အလိုက် ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်ပြပွဲအား ကျောင်းသားကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။