တံတားမြို့တွင် ကျောင်းသား/ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နည်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

တံတား နိုဝင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်  အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍  ယနေ့နံနက်(၁၀) နာရီအချိန်က တံတားမြို့ အ.မ.က(မူလွန်)ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေး ဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက် ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့် အနာဂတ် ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာတွင် အနာဂတ်နိုင်ငံတော်ကြီးအတွက် ခေါင်းဆောင်ကောင်းများ ဖြစ်လာမည့် ယနေ့လူငယ်များအနေဖြင့် အသိပညာအတက်ပညာမျိုးစုံကို လေ့လာထားရမည်ဖြစ်ကြောင်း၊ မိဘလူကြီးသူမများ၏ ဆုံးမမှုကိုခံယူပြီး ထူးချွန်ထက်မြတ်အောင် အမြဲကြံဆောင်နေရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်၍ လူကြီးလူငယ်မရွေးမိမိတို့ လိုလားနေသည့်အတက်ပညာရပ်ပိုင်းဆိုင်ရာများကို သင်ယူနေကြောင်း၊ မိဘများသည် သားသမီးများကို သားကောင်း သမီးကောင်းများဖြစ်လာအောင် စဉ်ဆက်မပျက် သွန်သင်ဆုံးမရမည် ဖြစ်သကဲ့သို့ သားသမီးများကလည်း မိမိဘဝအနာဂတ်အတွက် အလေးထားကာ အသိပညာ အတက်ပညာများ ကြွယ်ဝပြီး လူချွန်လူကောင်းများဖြစ်အောင် အမြဲလေ့လာ ဆည်းပူးကြရမည်ဖြစ်ကြောင်း၊ သို့မှသာ လူငယ်များ ရှေ့ဆက်ရမည့် အနာဂတ်ခရီးလမ်းတွင် အောင်မြင်မှုများကို လက်ဆုပ်လက်ကိုင်ရနိုင်မည်ဖြစ်ကြောင်း ဟောပြောပြီးနောက် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရပ်ကပ်စာစောင်များကိုပြသပြီး သုတ၊ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။                                                                                          

ခန့်စည်သူဝင်း(ပြန်/ဆက်)