တွံတေး နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ရှေးစဥ်လာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၂၉) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် (၄၇)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓရုပ်ပွားတော်များ မြို့တွင်းသို့ လှည့်လည်အပူဇော်ခံပွဲကို တန်ဆောင်မုန်းလဆန်း (၁၄) ရက်နေ့နှင့် လပြည့်နေ့တို့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နေလယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး ရွှေဆံတော်စေတီ ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌ ဦးအေးကိုက ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ရှေးစဥ်လာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၂၉) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် (၄၇) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓရုပ်ပွားတော်များ မြို့တွင်းသို့ လှည့်လည်အပူဇော်ပွဲကို ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပမည့်အစီအစဥ်များကို ရှင်းလင်းပြီး နှစ်ကျိပ်ရှစ်လှည့်လည်ပူဇော်ပွဲကို မြို့ပေါ်(၈)ရပ်ကွက်၊ ရှမ်းစုကြီးကျေးရွာအုပ်စုများ ပါဝင်လှည်လည်ပူဇော်မည့် အစီအစဥ်များ၊ မသိုးသင်္ကန်းရက်ခတ်ပူဇော်ပွဲ ကျင်းပမည်အစီအစဥ်များ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် နှစ်ကျိပ်ရှစ်ဆူလှည်လည်ပွဲဇော်ပွဲတွင် ရပ်ကွက် (၈) ရပ်ကွက်၊ ကျေးရွာအုပ်စုတစ်ရွာမှ တက်ရောက်လာကြသော အုပ်ချုပ်ရေးမှူးများက နေရာအမှတ်စဥ် မဲနှိုက်ခဲ့ကြကြောင်း သိရသည်။ ရွှေဆံတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ယခုနှစ် နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များ မြို့တွင်းလှည်လည်ပူဇော်ပွဲအတွက် တစ်ရပ်ကွက်ကို နှစ်သိန်းကျပ် ကူညီထောက်ပံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တွံတေးသား