အ.ထ.က-ခွဲ(လွယ်ယင်း)တွင် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်

နမ့်စန်() နိုဝင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲနှင့် ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက လွိုင်ယဲကျေးရွာအုပ်စု၊ တိုင်းကောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(လွယ်ယင်း)တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က-ခွဲ(လွယ်ယင်း)ကျောင်းအုပ်ဆရာကြီး ဦးဝင်းကြိုင်က အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။    

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူကုန်ကူးအန္တရာယ်အကြောင်းနှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်မိုးမိုးဝေက လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေနည်းဥပဒေများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက် ဆရာ/ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများကို ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်း၍ အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်းသိရသည်။

သူရအောင်(နမ့်စန်)