ထန်းတပင်မြို့နယ်၌ မရှိ၍ မလင်းသူမရှိစေရ ဆင့်ပွားသင်တန်း ဖွင့်လှစ်

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်‌ရေးအဖွဲ့တို့ပူးပေါင်း၍  မရှိ၍  မလင်းသူ မရှိစေရ ဆင့်ပွားသင်တန်းကို  အောက်တိုဘာ (၃၁) ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်‌‌ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းအေးတို့က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်က  မျက်စိဝေဒနာရှင်များအတွက် မရှိ၍ မလင်းသူ မရှိစေရအစီအစဥ်အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာ‌ရေးဝန်ထမ်းများက မျက်စိရောဂါနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာတာဝန်ရှိသူများက ပြန်လည်၍ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။

ဇင်းမင်းထိုက်(ထန်းတပင်)