မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သော လူမှုကူညီရေး(ပရဟိတ)အသင်းများအတွက် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်ပွဲကျင်းပ

ဒဂုံမြောက် နိုဝင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သော လူမှုကူညီရေး(ပရဟိတ) အသင်းများအတွက် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်ပွဲကို မြို့နယ်ကြက်ခြေနီအသင်းခွဲတည်ရှိရာ အမှတ်(၁၀၀၃)၊ ရာဇဓိရာဇ်လမ်း၊ (၃၈)ရပ်ကွက်၌ နိုဝင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

လူမှုကူညီရေး(ပရဟိတ)အသင်းများအတွက် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းတို့က အဖွင့်အမှာစကားများပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန်းဝင်း၊ တိုင်းကြက်‌ခြေနီအမှုဆောင်ဦးနေဆန်း၊ မြို့နယ်စီမံအုပ်ချုရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ကျော်နိုင်၊ မြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးမှူးဦးတင်ထွန်းအောင်၊ မြိုနယ်အသင်းခွဲအမှုဆောင်များ၊ လူမှုရေးအသင်းများမှဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ၊ နည်းပြဆရာများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသူ/သင်တန်းသား ၃၀ ဦး တက်ရောက်ခဲ့ကြသည်။ လူမှုကူညီရေး(ပရဟိတ)အသင်းများအတွက် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို နိုဝင်ဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၃ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီအသင်းခွဲတာဝန်ရှိသူထံမှ သိရသည်။

မြင့်မြင့်ရီ