ဆီဆိုင် နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း(၃၇၉.၈၉၇)ဖြင့်ဆောင်ရွက်သည့် ယာယီဈေးတည်ဆောက်ပြီးစီးမှုအခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူတို့သည် မြို့မဈေးနေရာတွင် အဆောင (၁၈)ခု၊ ဆိုင်ခန်း(၃၈၂)ခန်းပါဝင်သော ယာယီဈေးပုံစံဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ အဆိုပါမြို့မဈေးသည် ဇန်နဝါရီလအတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး မြို့မဈေးအား ယာယီအကွက်ချပုံစံဖြင့်သာ ဖွင့်လှစ်ရောင်းချခဲ့သည်။ ယခုတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း (၃၇၉.၈၉၇)ဖြင့် မြို့မဈေးနေရာတွင် အဆောင်(၁၈)ခု၊ ဆိုင်ခန်း(၃၈၂)ခန်းပါဝင်သော ယာယီဈေးပုံစံဆောက်လုပ်နေမှုလုပ်ငန်းသည် (၃၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)