နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ဇေယျာသီရိမြို့နယ် အင်းသာကျေးရွာအား ဆင်သေချောင်းရေတိုက်စားမှုကာကွယ်ရန် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် သောင်တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

ဇေယျာသီရိ နိုဝင်ဘာ ၁

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု၊ အင်းသာကျေးရွာ အား ဆင်သေချောင်း ရေတိုက်စားမှုကာကွယ်ရန် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် သောင်တူးဖော်ခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု၊ အင်းသာကျေးရွာအား ဆင်သေချောင်း ရေတိုက်စားမှုမှကာကွယ်ရန် နေပြည်တော်ကောင်စီရန်ပုံငွေဖြင့်  နေပြည်တော် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ပေ ၈၀၀ နှင့် သောင်တူးဖော်ခြင်းလုပ်ငန်းအား နေပြည်တော်ကောင်စီဝင် ဦးမင်းဦး လာရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ နေပြည်တော် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာထွန်း၊ ဇေယျာသီရိမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်တို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းအမြန်ပြီးစီးရေး၊ အရည်အသွေးစံမီရေး အလေးထားဆောင်ရွက်ရန်နှင့် စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း (ဇေယျာမြေ)