နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်ရှိ လမင်းဆီစက်နှင့် ဆီထုတ်လုပ် ဖြန့်ချီရေးလုပ်ငန်းသို့ လာရောက်ကြည့်ရှု အားပေး

ဇေယျာသီရိ နိုဝင်ဘာ ၁

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်ရှိ      MSME လုပ်ငန်းအနေဖြင့် လမင်းဆီစက်နှင့် ဆီထုတ်လုပ်ဖြန့်ချီရေး လုပ်ငန်းသို့တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည်တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ MSME လုပ်ငန်းအနေဖြင့် လုပ်ငန်းရှင်ဦးအောင်မိုးခိုင်၏ အသေးစား လမင်းဆီစက်လုပ်ငန်းသို့ရောက်ရှိရာ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးခိုင်မင်းထွန်းနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ပြီး နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ ဒုတိယဥက္ကဋ္ဌဦးအောင်ကိုထက်နှင့် လုပ်ငန်းရှင် ဦးအောင်မိုးခိုင်တို့က ဆီစက် လည်ပတ်နေမှု၊ ဈေးကွက်ဖြန့်ချီရေးထုပ်ပိုးနေမှုနှင့် တစ်နေ့ ပိဿာချိန် ၆၀၀ ထုတ်လုပ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီလုပ်ငန်းရှင်များပူးပေါင်း ဆောင်ရွက် သွားရန်နှင့် အခြားလုပ်ငန်းရှင်များ ဆီစက်နှင့် ဆီထုတ်လုပ်ဖြန့်ချီရေးလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက MSME အသင်းအနေဖြင့် ကူညီဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဆီစက် လည်ပတ်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)