ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ဇမ္ဗူသီရိ နိုဝင်ဘာ ၁

ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။                 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရာဇာမင်းမြတ်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်​ရေးမှူးတို့ပါဝင်သောအဖွဲ့သည် ဂုဏ်မင်းအင်းကျေးရွာ၊ ရှားတောကျေးရွာနှင့် တဲကြီးကုန်းကျေးရွာတို့တွင် မီးဘေးကြိုတင်ကွယ်ရေး စစ်ဆေးအကြံပေးခြင်း၊ အရေးပေါ် မီးသတ်တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေပေးခြင်း၊ မီးဖိုအသုံးပြုသည့်နေအိမ်များနှင့်  အခြားမီးသုံးစွဲသည့်နေအိမ်များအား မီးများစနစ်တကျသုံးစွဲရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များအား လိုက်လံစစ်ဆေး၍ မီးမလောင်ခင်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးလောင်လျှင်ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မီးလောင်ပြီးဆောင်ရွက်ရမည့်နည်းလမ်းများကို ရပ်ကွက်အတွင်းလှည့်လည် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)