မြစ်ကြီးနား နိုဝင်ဘာ ၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဘုမ္မောဘုန်းတော်ကြီးကျောင်း၌ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲပဌာန်းသိမ်းအောင်ပွဲအဖြစ် ထေရ်ကြီးဝါကြီး ရဟန်း/ သံဃာတော်များနှင့် သီလရှင် ဆရာများအား ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာအဖွဲ့အစည်း များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအား ယနေ့နံနက် ၈ နာရီခွဲက အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများက ပဌာန်းသိမ်းအောင်ပွဲအဖြစ် ထေရ်ကြီးဝါကြီး ရဟန်း/သံဃာများ၊ သီလရှင်ဆရာကြီး/ ဆရာလေး စုစုပေါင်း (၁၂၂)ပါးတို့အား သတ်မှတ်နေရာအသီးသီးမှ ဆွမ်းဆန်တော်၊ အလှူငွေ၊ ဆေးဝါးများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ အမှတ်(၁)တပ်မတော်ဆေးရုံ (ကုတင်-၃၀၀)ဆေးကုသဆောင်(၁)၌ ပြည်နယ်/ခရိုင်/မြို့နယ်ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲ သို့ တက်ရောက်ခဲ့ကြပြီး ဆေးတပ်မှူးနှင့် ဆရာဝန်၊ သူနာပြုများ၏ အကူအညီဖြင့် ဝန်ထမ်းများ သွေးလှူဒါန်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူရှင်ဝန်ထမ်း (၄၃)ဦးတို့အတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံအတွက် ထောက်ပံ့ငွေကျပ်သိန်း ၂၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့အတူ အဆိုပါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌လည်း ပြည်နယ်/ ခရိုင်/ မြို့နယ်ဝန်ထမ်းများက မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအတွက် စုပေါင်းသွေးလှူ ဒါန်းကျင်းပနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ သွေးလှူရှင်ဝန်ထမ်းများအတွက် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် ဆေးရုံကြီးသွေးလှူဘဏ် တာဝန်ခံဆရာဝန်နှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)