(၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

မိုင်းယောင်း နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက ယခုအားကစားပြိုင်ပွဲအား နိုဝင်ဘာ ၇ ရက်တွင် ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့ကိုဂုဏ်ပြုသောအားဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ရာ ဝန်ထမ်းအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အမှာစကားပြောကြား သည်။

ထို့နောက် တက်ရောက်လာသူများက နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ် စသည့်အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပရေးအတွက် ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများကို ကဏ္ဍအလိုက်ဆွေးနွေးတင်ပြခဲ့ကြကာ မြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)