လှည်းကူး နိုဝင်ဘာဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မြို့နယ်လူငယ်ရေးရာကော်မတီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအလယ်တန်းကျောင်း (ဥယာဥ်ဝ)၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဦးသံစဥ်မှူးက ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း သိကောင်းစရာခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း ကျောင်းသား/သူအားအသိပညာပေးဟောပြောခဲ့ပြီး အ.လ.က(ဥယာဥ်ဝ)မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်းလှိုင်ဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တာဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များကို ပြသရာကျောင်းသား ၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)