ထားဝယ် အောက်တိုဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိအကျဉ်းထောင်များမှအကျဉ်းသူကိုယ်ဝန်ဆောင်မိခင်များနှင့်အကျဉ်းသူ ကလေးမိခင်များ၏ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် နေထိုင်ခွင့်ပြုထားသော အသက်(၃) နှစ်အောက် ကလေးသူငယ်များအားလူမှု ဝန်ထမ်းဉီးစီးဌာနမှ ငွေကြေးထောက်ပံ့လျက်ရှိကြောင်း သိရသည်။
ထို့သို့ထောက်ပံ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင်၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှတာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများတို့သည် အောက်တိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ထားဝယ်အကျဉ်းထောင်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး (၂)ဦး နှင့် အသက်(၃)နှစ်အောက် ကလေးသူငယ် (၂)ဦးတို့အား တစ်ဦးလျှင် ကျပ် ၃၀၀၀၀/- နှုန်းဖြင့် စုစုပေါင်း ကျပ် (၁၂၀၀၀၀/-)၊ ကလေးသူငယ်(၂) ဦးအား ကစားစရာပစ္စည်းများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီး(၂)ဦး တို့အားအမျိုးသမီး Dignity Kit (၂) အိတ်တို့ကိုထောက်ပံ့ပေးအပ်ပြီးတိုင်းဒေသကြီးအစိုးရ အဖွဲ့လူမှု ရေးရာဝန်ကြီးက အကျဉ်းသူများအား ဆုံးမအားပေးစကားများ ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ခရိုင်နှင့်ကော့သောင်းခရိုင်တို့တွင်လည်း အကျဉ်းထောင်များမှ အကျဉ်းသူ (၁)ဦးနှင့် အသက်(၃) နှစ်အောက်ကလေးသူငယ်(၆) ဦးတို့အားလည်း ထောက်ပံ့ငွေ ၃၀၀၀၀/- ကျပ်စီနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)