မဟာအောင်မြေ အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ်၊ ပါမောက္ခဒေါက်တာတင်ထွန်းက ယမန်နေ့နံနက်ပိုင်းက ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်-(မန္တလေး)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ်၊ ပါမောက္ခဒေါက်တာတင်ထွန်းက အမှာစကားပြောကြားရာတွင် ဆေးဘက်ဆိုင်ရာ နည်းပညာရှင်များသည် ကျန်းမာရေးစောင့်ရှောက်မှု ပေးရသူများဖြစ်ကြောင်း၊ Professional ပီသစွာ မိမိရဲ့ဘာသာရပ်နယ်ပယ်မှာ ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်ရန် လိုအပ်ကြောင်း၊ Health Care လုပ်ရမည်ဖြစ်၍ မိမိအပြောအဆို၊ အနေအထိုင်၊ အပြုအမူပိုင်း ဆိုင်ရာတွင် အထူးဂရုပြုရမည်ဖြစ်ကြောင်း၊ ဤတက္ကသိုလ်ကြီးအဆင်ပြေစွာ လည်ပတ်နိုင်အောင် ကြိုးစားပေးနေကြသော ဆရာ/ဆရာမများ၊ ဝန်ထမ်းများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်းသား/ သူများအားလုံး ထူးချွန်ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာ နည်းပညာရှင်များ ဖြစ်ပေါ်လာရေးအတွက် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပြီး ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကားပြောကြားပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ်၊ ပါမောက္ခဒေါက်တာတင်ထွန်း၊ ဆေးတက္ကသိုလ်- (မန္တလေး)မှ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာမျိုးသက်တင်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်- (မန္တလေး)မှ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာခင်ဝင်းစိန်(တွဲဖက်) ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာလင်းထက်မြင့်နှင့်ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၄၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း