ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်

တာမွေ  အောက်တိုဘာ  ၂၆

ရန်ကုန်တိုင်းဒေသကြီးတွင် ယမန်နေ့ညနေ(၃)နာရီခွဲအချိန်ခန့်က စတင်ကာ မိုသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက်နေပြည်သူများအပြင် ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များနှင့် လမ်းသွားလမ်းလာများ သွာရေးလာရေးတွင် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရကြောင်း ခရီးသွားပြည်သူတစ်ဦးထံမှ သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်အပါအဝင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လူမှုကူညီရေးအသင်းဝင်များရောက်ရှိကာ ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အဆင်ပြေချောမွေ့စွာသွားလာနိုင်စေရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)