ရှမ်းပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင် ညောင်ရွှေမြို့မရဲစခန်းအချုပ်ခန်း၊ ရွှေညောင်နယ်မြေရဲစခန်းအချုပ်ခန်းနှင့် အေးသာယာနယ်မြေရဲစခန်းအချုပ်ခန်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေး

 

တောင်ကြီး အောက်တိုဘာ ၂၅

ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၆၈ နှင့်အညီ ညောင်ရွှေမြို့မရဲစခန်းအချုပ်ခန်း၊ ရွှေညောင်နယ်မြေရဲစခန်းအချုပ်ခန်းနှင့် အေးသာယာနယ်မြေရဲစခန်းအချုပ်ခန်းများသို့ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်က ယမန်နေ့ နံနက် ၉ နာရီခွဲတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်တရားသူကြီးချုပ်က အဆိုပါ အချုပ်ခန်းများတွင် ပြစ်ဒဏ်ကျခံနေရသည့် အချုပ်သား/သူဦးရေ၊ နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့ခြင်း ရှိ/မရှိ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကောင်းမွန်မှု ရှိ/မရှိ၊ သန့်ရှင်းသော သောက်ရေ/သုံးရေ ရရှိမှုအခြေအနေ၊ ဥပဒေပါအခွင့်အရေးအရ အယူခံ/ပြင်ဆင်တက်ရောက်မှု အခွင့်အရေးရရှိမှု ရှိ/မရှိ၊ ဥပဒေပါ အခွင့်အရေးဖောက်ဖျက်ခံရမှု ရှိ/မရှိ အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး မေးမြန်းခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ရဲစခန်းတာဝန်ခံအရာရှိများအား လုံခြုံရေးစီမံချက်များအတိုင်း အထူးအလေးထားဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)