လွိုင်လင်မြို့တွင် အရန်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်

လွိုင်လင် အောက်တိုဘာ ၂၂

ရှမ်းပြည်နယ် (တောင်ပိုင်း)လွိုင်လင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် အရန်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန သင်တန်းခန်းမ၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းထွဋ် က သင်တန်းဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းမှ သင်တန်းသားများအတွက် တူညီဝတ်စုံများ ပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ အရန်လေ့ကျင့်ရေးမွမ်းမံသင်တန်းသို့ သင်တန်းသား (၅၀) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်လေးပတ်ကြာ စာတွေ့လက်တွေ့သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး