မတူပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် Mask Campaign လုပ်ငန်းဆောင်ရွက်

မတူပီ  နိုဝင်ဘာ ၂၄

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာ​ပေးမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign လုပ်ငန်းကို ယနေ့နံနက် ၇ နာရီအချိန်က မတူပီမြို့စည်ပင်စျေးနှင့် စန်ဘောင်လမ်းဆုံတို့၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဈေးဝယ်သူများနှင့် ဈေးရောင်းသူများ၊ လမ်းသွားလမ်းလာ​ပြည်သူများအား   နှာခေါင်းစည်း (Mask)များ တပ်ဆင်​​ကြရန်နှင့် ဈေးသည်များအား ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်ရာသို့ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်မြင့်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး    ဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပါဝင်လျက် Maskခုရေ (၁၀၀၀)၊ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ရာ ဒုတိယအကြိမ် အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)