ညောင်ဦးမြို့နယ်၌ ရှေးဟောင်းရေကန်းများသွားရာ လမ်းဘေးဝဲယာတစ်လျှောက် ထန်း၊ မန်ကျည်း၊ တမာပင်များစိုက်ပျိုး

ညောင်ဦး  အောက်တိုဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းရေကန်များ ပြန်လည်ဆယ်ယူထားရှိသည့် ရေကန်းများဘောင်ပေါ်သို့ ထန်း၊ မန်ကျည်း၊ တမာပင်များစိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီအက ဇေယျဝေရီကန်သွားရာ လမ်းဘေးဝဲယာတစ်လျှောက်တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းရေကန်များ ပြန်လည်ဖော်ထုတ်ဆယ်ယူခြင်းများ ဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ ပြန်လည်ဆယ်ယူထားသည့် ရေကန်များ ရေဝင်ရောက်ပြည့်လျက်ရှိကြောင်း၊ ရှေးဟောင်းရေကန်များသို့သွားရာ မြေသားလမ်း လမ်းဘေးဝဲယာတစ်လျှောက် ဒေသပေါက်ပင်များဖြစ်သည့် ထန်း၊ မန်ကျည်း၊ တမာပင်များအား ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများက အရှေ့ဖွားစောကျေးရွာမှ ဇေယျဝေရိကန်အထိ လမ်းဘေးဝဲယာတစ်လျှောက် ထန်းသီးမှည့် (၅၀)လုံး၊ မန်းကျည်းပင်(၁၀၀)နှင့် တမာ(၅၀)ပင်တို့ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါသစ်ပင်စိုက်ပျိုးနေမှုအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ၊ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း