ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ပုဗ္ဗသီရိ အောက်တိုဘာ ၁၂

စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်စေရန်အတွက် နေပြည်တော် စာရေးဆရာ၊ ဆရာမများ၊ ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များမှ စာရေးဆရာ၊ ဆရာမများနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာ တက္ကသိုလ်သင်္ခ ရေးသားသော “ခေတ်သစ်လူပါးနှင့်အခြားဆောင်းပါးများ” စာအုပ်ဖြင့် ယမန်နေ့မွန်းလွှဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာရေးဆရာ တက္ကသိုလ်သင်္ခ ရေးသားသော “ခေတ်သစ်လူပါးနှင့်အခြားဆောင်းပါးများ” စာအုပ်ပါ အကြောင်းအရာများအား မိတ်ဆက်ဆွေးနွေးခဲ့သည်။

ထို့နောက် စာရေးဆရာ၊ ဆရာမများဖြစ်ကြသော စိန်ဝင်းနွယ်(ဘာသာပြန်)၊ ရဲမွန်ကျော်၊ ချယ်ချယ်(YU)၊ မောင်ရည်ကျော်(ရူပ)၊ ဒီရာ(စွမ်းအင်)၊ ဌေးသစ်လွင်(ပရိမ္မ)၊ နွေဦးကိုကို၊ ဈာန်(စွမ်းအင်)၊ ဦးသိန်းဟန်၊ ဦးစိန်ဌေး၊ ဒေါ်လှလှကြည်၊ အိုင်ပီမျိုးအောင်နှင့်စာပေဝါသနာရှင်များက စာရေးဆရာ တက္ကသိုလ်သင်္ခ ရေးသားသော “ခေတ်သစ်လူပါးနှင့်အခြားဆောင်းပါးများ” စာအုပ်အား ဖတ်ရှု၍ မိမိတို့၏ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများကို ပြန်လည်ဆွေးနွေးခဲ့ပြီး သုံးသပ်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် စာရေးသူ၏ ခံစားရေးသားခဲ့မှုများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)