ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရမည်းသင်း အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ အောက်တိုဘာ(၁၁)ရက် နံနက် ၉ နာရီက မူလတန်းကြို ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။

ရေးဦးစွာ ရမည်းသင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်ဉ္ဇူမြင့်က အဖွင့်အမှာစကားပြောကြားကာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက ရင်သွေးငယ်ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ ဖွံဖြိုးတိုးတက်စေရန် သင်ကြားခြင်းနှင့် ယခုလိုဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စိတ်ကူးယဉ် ပန်းချီပြိုင်ပွဲကျင်းခြင်းကို ရှင်းလင်းပြီး မူလတန်းကြိုကျောင်းသား၊ ကျောင်းသူများမှ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီးပြိုင်ပွဲ ကျင်းပသည်။

ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စိတ်ကူးယဉ် ပန်းချီပြိုင်ပွဲ့တို့တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများနှင့် နှစ်သိမ့်ဆု ရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကာ ရမည်းသင်း မူလတန်းကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးအား အမှတ်တရဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရမည်းသင်း

ခရိုင်(ပြန်/ဆက်)