လယ်ဝေး အောက်တိုဘာ ၅
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာများသို့ ဆက်သွယ်ထားသည့် လမ်းအချို့ ရေတိုက်စား၍ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါ စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ရုံးပင်-အေးချမ်းသာကျေးရွာချင်းဆက်လမ်းလမ်းရေတိုက်စားသွားရာ ၄င်းနေရာတွင် အစားထိုးဖောက်လုပ်မည့် အရှည် ပေ ၂၀၀၀၊ အကျယ် ၃၈ ပေရှိ ယာယီလမ်းလွှဲနေရာလမ်းအူကြောင်းတိုင်အမှတ်အသား စိုက်ထူထားရှိပြီးဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထို့အတူ ကွမ်းခြံ-လက်ပံခုန် ကျေးရွာချင်းဆက်လမ်း ရေတိုက်စားသွားသောနေရာ အစားထိုး ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းအား ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)