ရန်ကုန်မြို့၌ Partnership Review Talk ဖွင့်ပွဲကျင်းပ

ရန်ကုန် အောက်တိုဘာ ၄

Partnership Review Talk Between Myanmar Red Cross and Finnish Red Cross ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ကျင်းပရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က အမှာစကားပြောကြားခဲ့ပြီး Finnish Red Cross မှ Director of International Aid ဖြစ်သူ Ms. Tiina Elina Saarikoski က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ အသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌဒေါက်တာဒေါ်တင်တင်လေးနှင့် အချိန်ပြည့်/ အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ အသင်းဌာနချုပ်မှလက်ထောက်အထွေထွေ အတွင်းရေးမှူး ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး Finnish Red Cross မှ Director of International Aid နှင်အတူ Finnish Red Cross မှ Head of Region for Asia Pacific Mr. Juan Daniel Reyes Flores နှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်း Country Manager Mr. Fabio တို့တက်ရောက်ခဲ့ပြီး အဆိုပါ Partnership Review Talk ကို အောက်တိုဘာလ(၃)ရက်နှင့် အောက်တိုဘာလ(၄)ရက်အထိကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)