သာစည်မြို့ အမှတ်(၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်ပြပွဲများပြုလုပ်

သာစည် အောက်တိုဘာ ၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဖွံ့ဖြိုးတိုးတက်လာစေရန် ယမန်နေ့နံနက် ၁၀ နာရီက သာစည်မြို့ အမှတ်(၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မီးရထား၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်ပြပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးဦးခင်မောင်ဝင်းက ကျောင်းသား/သူများအနေဖြင့် အသိပညာပေးဟောပြောသည့်အချက်အလက်များကို အလေးထားမှတ်သားကြရန်မှာကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထွေးထွေးစိန်နှင့် ရုပ်သံကျွမ်းကျင်-၃ ဦးဇော်မင်းထွေး(စာ‌ရေးဆရာ ခန့်စစ်အောင်)တို့က လူငယ်ရေးရာနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။ ဆက်လက်ပြီး ကျောင်းသား/သူများအား အသိပညာပေးနံရံကပ်စာစောင်များနှင့် ဓာတ်ပုံများ၊ သုတရသစာအုပ်များကို ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲများသို့ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်