ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများ စာပေမှတဆင့်အသိပညာဗဟုသုတ တိုးပွားရရှိစေရေးရည်ရွယ်၍ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်ကို ယမန်နေ့နံနက်ပိုင်းက သခင်ဘသောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက ယခုကဲ့သို့ နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုရခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးတို့အား နယ်လှည့်စာကြည့်တိုက်သို့လာရောက်သည့် ရပ်ကွက်နေပြည်သူများအား ဆွေးနွေးပြောကြားသည်။ ထို့နောက် နယ်လှည့်စာကြည့်တိုက်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ရပ်ကွက်နေပြည်သူများက လေ့လာကြည့်ရှုကြရာ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ရှင်းလင်း ပြသပေးခဲ့သည်။
ယင်းနောက် နယ်လှည့်စာကြည့်တိုက်အဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်များအား ရပ်ကွက်နေပြည်သူများ ဖတ်ရှုနိုင်ရေးအတွက် စနစ်တကျ အခမဲ့ငှားရမ်းပေးခဲ့ကြောင်းနှင့် ကျန်ရှိသောရပ်ကွက်များတွင်လည်း ယခုကဲ့သို့ နယ်လှည့်စာကြည့်တိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ