တပ်ကုန်း အောက်တိုဘာ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် ဂီတအစည်းအရုံးမှ နာယကများ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်အတွင်း ရေဘေးသင့်ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ထိုလှူဒါန်းရာတွင် မြို့နယ်ဂီတအစည်းအရုံးမှ နာယကဦးတင်လွန်းနှင့်အဖွဲ့ဝင်များက ရေဘေးသင့်ပြန်လည်ထူထောင်ရေးအတွက် အသုံးပြုနိုင်ရေးလှူဒါန်းငွေ သိန်း ၃၀ ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်စိုးလွင်