မြိတ်မြို့နယ် ပြည်သူလူထုများ၏ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကို စာရင်းစစ်/စာရင်းကောက်များမှ စတင်ကောက်ယူ

မြိတ် အောက်တိုဘာ ၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပြည်သူလူထုများ၏ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအကြောင်းအရာများကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီမှဦးဆောင်မှုဖြင့် စာရင်းစစ်/စာရင်းကောက်များမှ ရပ်ကွက်/ကျေးရွာများအလိုက် စာရင်းကောက်ကွက်များတွင် စတင်ကောက်ယူလျက်ရှိကြသည်။

၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များအတိုင်း ရည်ညွှန်းချိန်မှစတင်၍ ဟိုတယ်၊ တည်းခိုခန်း၊ ဆေးရုံ၊ ဆေးခန်း၊ အချုပ်ခန်းနှင့် ရပ်ကွက်/ကျေးရွာ သတ်မှတ်ထားသည့် စာရင်းကောက်ကွက်တွင် စာရင်းစစ်၊ စာရင်းကောက်များက ပြည်သူများ၏ အိမ်အကြောင်းအရာမေးခွန်းများနှင့် လူဦးရေဆိုင်ရာအချက်အလက်မေးခွန်းများ မေးမြန်း၍ စာရင်းကောက်ယူဆောင်ရွက်လျက်ရှိကြသည်။

ထိုသို့ သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား မြိတ်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ခရိုင်/မြို့နယသန်းခေါင်စာရင်းကော်မတီဝင်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ မြိတ်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာများအလိုက် သန်းခေါင်စာရင်းကောက်ကွက်(၅၀၇)ကွက်ရှိပြီး ပြည်သူများအား စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာလ(၁)ရက်နေ့ မှ (၁၅)ရက်နေ့အထိ စာရင်းကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး( ပြန်/ဆက်)