ညောင်ဦး အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ မနုဟာဘုရားကြီး အနောက်ဘက်ဓမ္မာရုံ၌ ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ရွှေဇဝါယွန်း(ရိုးရာ/ခေတ်မီ)ကာလတို သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ရွှေဇဝါယွန်း(ရိုးရာ/ခေတ်မီ)မွမ်းမံသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ထပ်ဆင့်အမှာစကားပြောကြားသည်။ ပြီးနောက် ရွှေဇဝါယွန်း(ရိုးရာ/ခေတ်မီ)မွမ်းမံသင်တန်းပို့ချမည့် ဘာသာရပ်နှင့်ပတ်သက်၍ သင်တန်းနည်းပြဆရာမှရှင်းလင်းပြောကြားပြီး သင်တန်းသား/သူများမှ တစ်ဦးချင်းမိတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၁၅) ဦး တက်ရောက်မည်ဖြစ်ကာ သင်တန်းကာမှာ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းဆရာနှင့် သင်တန်းသားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း