သရက်ချောင်း အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို သန်းခေါင် စာရင်း ရည်ညွှန်းချိန်၌ သတ်မှတ်နယ်နိမိတ်အတွင်း နေထိုင်သူများအား သတ်မှတ်ထားသည့် စာရင်းကောက်ကွက်များ၌ စာရင်းစစ်/စာရင်းကောက်များက ယမန်နေ့နံနက်ပိုင်းမှစ၍ သရက်ချောင်းမြို့၊ မြို့ပေါ်(၅)ရပ်ကွက်၌ စာရင်းကောက်ယူခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်လျက်ရှိသည်။
ထို့သို့သန်ခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သန်းခေါင်စာရင်းကောက်ယူမည့် စာရင်းကောက်အဖွဲ့များအား သတ်မှတ်ထားသောစုရပ်တွင် စုစည်းထားရှိပြီး သရက်ချောင်းမြို့နယ်၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စာရင်းကောက်အဖွဲ့များ၏ သန်းခေါင်စာရင်းကောက်ယူရာတွင် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် သန်းခေါင်စာရင်းကောက်အဖွဲ့များက သတ်မှတ်ထားသော စာရင်းကောက်ကွက်များသို့ စာရင်းကောက်သူတို့က လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများတိကျမှန်ကန်စွာရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာများ စနစ်တကျမေးမြန်းရာ စာရင်းကောက်သူတို့က Tablet အသုံးပြုပြီး အိမ်ထောင်စုအချက်အလက်နှင့်အိမ်အကြောင်းအရာများကို စာရင်းသွင်းခဲ့ကြောင်း အဆိုပါစာရင်းကောက်/စာရင်းစစ်လုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)