သာကေတ အောက်တိုဘာ ၁
သာကေတမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူခြင်းကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းစတင်ကာ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်များသို့ ကောက်ကွက်များအလိုက် ကွင်းဆင်းကောက်ယူခဲ့သည်။
အဆိုပါမြို့နယ်အတွင်းရှိ ကောက်ကွက်များသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းဦး ဦးဆောင်၍ ကောက်ကွက်တာဝန်ခံများ၊ စာရင်းစစ်၊ စာရင်းကောက်များက ကွင်းဆင်းကောက်ယူရာ ကွင်းဆင်းကောက်ယူရာသို့ ဗိုလ်တထောင်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်မိုးမိုးအေး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ( ခေတ္တ) ဥက္ကဋ္ဌ ဦးသက်နိုင်ဝင်းနှင့် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဝင်များတို့က လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းခဲ့ကြသည်။
သာကေတမြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၉ ရပ်ကွက်ရှိပြီး ကောက်ကွက် (၄၆၁) ကွက်ရှိရာ စာရင်းစစ် (၃၅) ဦး၊ စာရင်းကောက် (၁၈၈) ဦးတို့က တစ်နေ့လျင် ကောက်ကွက် (၃၅) ကွက်နှုန်းဖြင့် အောက်တိုဘာ ၁၅ ရက်နေ့ထိ အိမ်တိုင်ရာရောက် ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)