ပုလော အောက်တိုဘာလ ၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို သန်းခေါင်စာရင်းရည်ညွှန်းချိန်၌ သတ်မှတ်နယ်နိမိတ်အတွင်းနေထိုင်သူများအား စာရင်းစစ်/စာရင်းကောက်များက အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပုလောမြို့ပေါ်ရပ်ကွက်နှင့် မလိကျေးရွာရှိ ကောက်ကွက် ၄၀ ကွက်နှင့် ပလောက်မြို့ပေါ်ရပ်ကွက်ရှိ ကောက်ကွက် ၁၁ ကွက်၊ အဖွဲ့အစည်း ကောက်ကွက် ၆ ကွက် ၌ စာရင်းစစ်/စာရင်းကောက် (၁၀၃) ဦးတို့က အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြေပြင်၌လက်တွေ့စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ၏ တိကျမှန်ကန်သောလူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ စာရင်းအင်အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အစဉ်ဆက်မပြတ်ရရှိရန်နှင့်လိုအပ်သော မူဝါဒစီမံကိန်း မဟာဗျူဟာ၊ နည်းဗျူဟာများကို ချမှတ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းနေထိုင်သူအားလုံးကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရ သည်။
အေးအေးမော်(ပုလော)