မိုင်းရှူး အောက်တိုဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ယနေ့နံနက်(၇)နာရီက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့ စတင်ကွင်းဆင်းကောက်ယူကြကြောင်းသိရသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းစစ်(၁)ဦးနှင့် စာရင်းကောက်(၄)ဦးတစ်ဖွဲ့၊ အဖွဲ့ (၁၂)ဖွဲ့တို့က မိုင်းရှူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၂၄)အုပ်စုကို အောက်တိုဘာ(၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်သည်။
အဆိုပါ ကွင်းဆင်းကောက်ယူမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)