ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ယနေ့နံနက် ၇ နာရီမှစ၍ ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် စာရင်းကောက်အဖွဲ့များမှ စတင် စာရင်း လိုက်လံ ကောက်ယူဆောင်ရွက်လျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်၊ အိမ်ထောင်စု ၈၉၉၆ စုနှင့်လူဦးရေ ၃၃၉၈၂ ဦးရှိရာ တစ်မြို့နယ်လုံး စာရင်း ကောက်ကွက် ၇၉ ကွက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရှိရပြီး၊ စာရင်းကောက်ယူရာတွင် ရပ်ကွက်အလိုက် စာရင်းကောက်ကွက် အနည်းအများပေါ်မူတည်၍ စာရင်းစစ်နှင့် စာရင်းကောက် ၃၂ ဦးနှင့် အရန်များ ပါဝင်သည့် စာရင်းကောက်များမှအဖွဲ့များခွဲ၍ မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များ အသုံးပြု၍ သန်းခေါင်စာရင်း ကောက်ယူလျက်ရှိသည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး၊ မြို့မိမြို့ဖများ၊သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်နှင့်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)