မက်မန်း စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် လိုက်လံဆော်ဩခြင်းများကို ယနေ့နံနက် (၁၀) နာရီအချိန်က မက်မန်းမြို့ပေါ်၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မက်မန်းမြို့နယ်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မက်မန်းမြို့ပေါ် အမှတ် (၁)၊ အမှတ်(၂)ရပ်ကွက်ပေါ်များတွင် သန်းခေါင်းစာရင်းကောက်ယူရာတွင်ု လုပ်ငန်းစဉ်များအား အဆင်ပြေနိုင်ရေးအတွက် လိုက်လံဆော်ဩခြင်းများကိုဆောင်ရွက်ခဲ့သည်။ ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် ဒေသခံပြည်သူများများ ပူးပေါင်းဝင်လာရေး၊ ဒေသခံပြည်သူများအနေဖြင့် အချက်အလက်များ မှန်ကန်စွာ ဖြေဆိုနိုင်ရေး၊ စာရင်းစစ်၊ စာရင်းကောက်များအနေဖြင့် သန်းခေါင်စာရင်းများ ကောက်ယူရာတွင် လွယ်ကူမြန်ဆန်စွာ ကောက်ယူနိုင်ရေးတို့အတွက် ရပ်ကွက်/ကျေးရွာများတွင် လိုက်လံဆော်ဩခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်း အတွင်းရေးဦးမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်တင်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးသန်းဌေးထံမှ သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)