ကျောက်ဆည်မြို့နယ် ရေဘေးသင့်ကျေးများတွင် ပုံစံ(၆၆/၆)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည်ပြုလုပ်ပေး

ကျောက်ဆည် စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေ၊ မြစ်ရေများလျှံတက်ကာ မြေနိမ့်ပိုင်း ရပ်ကွက်/ကျေးရွာအချို့တွင် ရေများဝင်ရောက်ခဲ့ပြီး ပျောက်ဆုံး/ ပျက်စီးခဲ့သည့် ပုံစံ(၆၆/၆)နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည်ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့က ပနံကျေးရွာအုပ်စုံအတွင်းရှိ ပြည်သူများအား ပျောက်ဆုံး/ပျက်စီးခဲ့သည့် ပုံစံ(၆၆/၆)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ပြန်လည်ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပျောက်ဆုံး/ပျက်စီးခဲ့သည့် ပုံစံ(၆၆/၆)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည်ပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  မြို့နယ် လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မိုးဝင်း ဦးစီး(၂)နှင့်မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖများပူးပေါင်း၍ ပြည်သူများ လူမှုဘဝပြည့်စုံရေးနှင့် အခက်အခဲမရှိစေရေး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။  

သက်မောင်(ပြန်/ဆက်)