မိုင်းပျဉ်းမြို့၌ (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ

မိုင်းပျဉ်း စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသား၊ သင်တန်းသူများ မြေပြင်တွင် လက်တွေ့ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၁) ရပ်ကွက်အတွင်း ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သန်းက ဟောပြောရာ၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့မှာ ယမန်နေ့(၂၈-၉-၂၀၂၄)နေ့တွင် (၁၈)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ်ဆောင်ပုဒ်မှာ “‌အတားအဆီးများကိုကျော်လွန်မှ ခွေးရူးရောဂါကင်းစင်ပခြေလှမ်းတိုင်းမှာ ပါဝင်ကြ”ဖြစ်ကြောင်း၊ ခွေးရူးရောဂါကာကွယ်ရေးသိကောင်းစရာများဖြစ်သော ခွေးရူးရောဂါအကြောင်း၊ ခွေးရူးရောဂါကူးစက်ခံရနိုင်သည့်နည်းလမ်းများ၊ ခွေးရူးရောဂါကူးစက်ခံရမှုအန္တရာယ်ရှိသောသူများ၊ ခွေးမှာခွေးရူးရောဂါဖြစ်နေကြောင်း မည်သို့ခွဲခြားသိနိုင်မှုများ၊ ခွေးရူးပြန်ရောဂါလက္ခဏာများ၊ ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါမဖြစ်အောင် ကာကွယ်နိုင်သည့်နည်းလမ်းများ၊ ခွေးရူးရောဂါကာကွယ်ဆေး မဖြစ်မနေထိုးရမည့်အခြေအနေများနှင့် ရပ်ကွက်ထဲတွင်(သို့) မိမိအိမ်ရှိ ခွေးရူးနေသည်ဟု သံသယရှိပါက ဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်းတို့ကို အသေးစိတ်ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြိ့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အ.ထ.က ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၁၅၆)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်ဆက်)