ချမ်းမြသာစည် စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲနှင့် ခန့်အပ်လွှာများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉:၃၀ အချိန်က အမှတ်(၂၆) အခြေခံပညာအထက်တန်းကျောင်း တကောင်းသစ္စာခန်းမ၌ ကျင်းပရာ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ်၊ သန်းခေါင်စာရင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းကျော်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး တာဝန်ရှိသူများမှ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအား စာရင်းစစ်၊ စာရင်းကောက် ခန့်အပ်လွှာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့