မိုးနဲ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊မိုးနဲမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ရေနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ယာမြေများ၌ ရေကျချိန် အစားထိုးစိုက်ပျိုးနိုင်ရန် မျိုးလိုအပ်ချက်မရှိစေရေးအတွက် မျိုးသန့်ပွားစိုက်ပျိုးနိုင်ရန် ပဲပုတ်မျိုးစေများပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးက ပဲပုတ်စိုက်နည်းစနစ်နှင့် အထွက်တိုး အောင်ပန်းပွင့်ချိန်တွင် ယူရီးယားဓာတ် မြေသြဇာနှင့်လက်ချားရောစပ်ပက်ဖျန်းရန် တောင်သူအသိ ပညာပေးပြောကြားခဲ့ပြီး မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းက ရေနစ်မြုပ်ပျက်စီးဧက စာရင်းများနှင့် ပဲပုပ်၊ ပန်းနှမ်း၊ နေကြာ၊ ကြက်သွန်ဖြူသီးနှံများ ပြန်လည်အစားထိုးစိုက်ပျိုးမည့် အစီအစဉ်များကို ပြောကြားခဲ့သည်။
ဆက်လက်၍ ဧက ၁၂၅ ဧကအတွက် တောင်သူ ၄၅ ဦးအား ပဲပုတ်မျိုး ၆၅ တင်းကို တာဝန်ရှိသူများအားပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့ကြပြီး မိုးနဲမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော လယ်ယာမြေဧက စုစုပေါင်းမှာ ၉၁၉ ဧကကျော်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)