ကလောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ကလောချောင်း ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများ ဆောင်ရွက်

ကလော စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့ ၁၂ ရက်နေ့အထိ ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့မှာ ရေများပြန်လည်ကျဆင်းသွားသည့်အတွက် ပြန်လည်ထူထောင်လုပ်ငန်းများ နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းနှင့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကလောချောင်းရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကလောတပ်နယ်မှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကလောတပ်နယ်မှူး ဗိုလ်မှုးချုပ် ကျော်ကျော်ဟန်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ခင်နိုင်နှင့် အဖွဲ့ဝင်များသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ရေနစ်မြုပ်ခဲ့သည့် ရပ်ကွက်တို့ရှိ လမ်းများ၊ အများပြည်သူအပန်းဖြေအနားယူကြသည့် မောမြေဦးပန်းခြံတို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာနေ ဒေသခံပြည်သူများပူးပေါင်း၍ ရွှံနွံ၊ အမှိုက်များအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကလောချောင်းအား ရေကြီး၊ ရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချောင်းအား နဂိုမူလအတိုင်း ပြန်လည်စီးဆင်းရေး နုန်းမြေ၊ အမှိုက်များဆည်ယူခြင်းတို့ကို စက်ယာဉ်ယန္တရားတို့ဖြင့် ဆောင်ရွက်နေမှုအားလည်းကောင်း၊ ကလောမြို့ သောက်သုံးရေလုံလောက်စွာရရှိစေရေးအတွက် ရေပေးဝေသည့် ရေအေးကန်ဆည်သို့သွားရောက်၍ တမံကြံ့ခိုင်မှုအခြေအနေများ၊ ရေစစ်ကန်လည်ပတ်မှုအခြေအနေများ၊ စည်ပင်သာယာရေးဌာနမှ Total Station တိုင်းတာ၍ ရေပိုက်လိုင်း Level Profile တိုင်းတာနေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)