ဘုတ်ပြင်းမြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် စာရင်းကောက်၊ စာရင်းစစ် သင်တန်းသားများ မြေပြင်လက်တွေ့ကွင်းဆင်း လေ့ကျင့်သင်ကြားပေး

ဘုတ်ပြင်း     စက်တင်ဘာ    ၂၈

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် စာရင်းစစ်၊စာရင်းကောက် သင်တန်းဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်တွင် သင်တန်းသားများ လက်တွေ့ကွင်းဆင်း လေ့ကျင့်သင်ကြားခဲ့ကြသည်။

သင်တန်းတွင်  သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာနှင့် ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေး အစီအမံများ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်၊ စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့် တာဝန်များ၊ ဥပဒေပြဌာန်းချက်များ၊ စာရင်းကောက်ကွက်နှင့် စာရင်းစစ်မြေပုံများ၊  အိမ်အကြောင်းအရာမေးခွန်းများ၊ လူဦးရေဆိုင်ရာအချက်အလက် မေးခွန်းများ စသည့်ဘာသာရပ်များကို သင်တန်းသားများအား စာတွေ့သင်ကြားပေးခဲ့ပြီး ပြည်သူလူထုအတွင်း လက်တွေ့ကွင်းဆင်းလေ့ကျင့်သင်ကြားဆောင်ရွက်နေမူအား ဘုတ်ပြင်းခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခြင်းကို ကြည့်ရှုခဲ့ကြသည်။

သင်တန်းကို စက်တင်ဘာ(၁၇)ရက်နေ့မှစက်တင်ဘာ(၂၈)ရက်နေ့အထိ ဆက်လက်ဖွင့်လှစ်သွားကြမည်ဖြစ်သည်။ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်များအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအလိုက် သန်းခေါင်စာရင်း ကောက်ကွက်များတွင် စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိစာရင်း ကောက်ယူသွားမည်ဖြစ်‌ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)