ဒဂုံမြောက် စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံဖြိုးရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာ ရွှေပြည်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)နှင့် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှု ကော်မတီတို့မှ ယနေ့နံနက် ၁၀ နာရီက အမှတ်(၄၅)ရပ်ကွက်၊ နဝဒေးစာကြည့်တိုက်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာရွှေပြည်စိုး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)တို့မှ စာကြည့်တိုက် ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကူညီ ပေးသွားမည်ဖြစ်ပြီး သုတစာအုပ်များလှူဒါန်းပေးခဲ့ပြီး စာကြည့်တိုက်အား လှည့်လည် ကြည်ရှုခဲ့သည်။
မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မြင့်မြင့်ရီက စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့်အောင်မြင်ရေးအတွက် ကော်မတီအနေဖြင့် တတ်နိုင်သမျှပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်စနစ်တကျရှိစေရေးအတွက် သုတ/ရသ စာအုပ်များကို အခြေခံစာကြည့်တိုက်သင်တန်းမှာ ပို့ချခဲ့သည့်အတိုင်း ဆောင်ရွက်ထားရှိရန်၊ စာဖတ်/စာငှား/ အသင်းဝင်တိုးတက်ရရှိစေရေး ဆောင်ရွက်ထားရှိမှုများကို မေးမြန်းဆွေးနွေး ပြောကြားခဲ့ပြီး နဝဒေးစာကြည့်တိုက်ဥက္ကဋ္ဌ ဦးကျော်အေးက စာကြည့်တိုက်တွင် သုတ/ရသ စုစုပေါင်း (၁၀၀၀၀)ခန့်ရှိကြောင်း စာဖတ်/စာငှားတစ်ရက်(၁၅)ဦးခန့်ရှိကြောင်းနှင့် စာကြည့်တိုက်အား နေ့စဉ် နံနက်ပိုင်း ၉ နာရီမှ ၁၂ နာရီထိနှင့် ညနေပိုင်း ၂ နာရီခွဲမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုသိပ္ပံကျမ်း အတွဲ(၆)နှင့်အတွဲ(၇)အား လှူဒါန်းရာ နဝဒေးစာကြည့်တိုက်ဥက္ကဋ္ဌနှင့် စာကြည့်တိုက်မှူးမှ လက်ခံ ရယူခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)