မြဝတီ စက်တင်ဘာ ၂၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ကျား/မရေးရာနှင့်စပ်လျဉ်းသည့် Gender၊ Cedaw၊ Nspaw အသိပညာပေးသင်တန်းဖွင့်လှစ်ပို့ချကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၄) ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပေးပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က ကျား/မရေးရာနှင့်စပ်လျဉ်းသည့် Gender၊ Cedaw၊ Nspaw သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ ကျား/မ ရေးရာစံနှုန်းများ၊ ကျား/မရေးရာဆိုင်ရာအခန်းကဏ္ဍများ၊ အခွင့်အလမ်းမတူ ညီမှု၊ ကျား/မတန်းတူ ညီမျှမှုဖြစ်ရေးနှင့် ကျား/မရေးရာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအချက်များကို ရှင်းလင်းပို့ချပေးသည်။
ထို့နောက် တက်ရောက်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် သင်တန်းသားများက ပို့ချပေးသည့် ကျား/မရေးရာ အခြေခံသဘောတရားများမှ သိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူက ဖြည့်စွက်ရှင်းလင်းပေးကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)