သာစည် စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော တပ်မတော်ဖိနပ်စက်ရုံ(လှိုင်းတက်)မှအာမခံအလုပ်သမား အလုပ်ခွင်ထိခိုက်မှုကြောင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်းအကျိုးခံစားခွင့် ထုတ်ပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါစက်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးတာဝန်ခံအရာရှိ၏ ကြီးကြပ်မှုဖြင့် မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးမှ ဦးစီးအရာရှိဒေါ်ဂျိုတီးက ၂၀၁၂ ခုနှစ် လူမှု ဖူလုံရေးဥပဒေအကြောင်း သိကောင်းစရာ မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်နှင့်ငွေကြေးအကျိုးခံစားခွင့်၊ ကိုယ်ဝန်ဆောင်မှု မီးဖွားမှုအတွက် ဆေးကုသမှုငွေကြေးအကျိုးခံစားခွင့်နှင့် မီးဖွားစရိတ်၊ အာမခံအလုပ်သမားသေဆုံးမှုအတွက် နာရေးစရိတ်ခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် ယာယီမသန်စွမ်းမှု၊ အမြဲတမ်းမသန်စွမ်းမှုနှင့် ကျန်ရစ်သူငွေလုံးငွေရင်း အကျိုးခံစားခွင့်စသည်ဖြင့် အာမခံအလုပ်သမားများခံစားရမည့် အကျိုးခံစားခွင့်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ဦးစီးအရာရှိဒေါ်ဂျိုတီးက အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုငွေလုံးငွေရင်းအကျိုးခံစားခွင့်ငွေကျပ် ၃၇၀၄၄၀၀ တိတိကို အာမခံအလုပ်သမားဦးဟုန်းနိုင်အားထုတ်ပေးခဲ့ကြောင်း သိရသည်။
အကျိုးခံစားခွင့်ထုတ်ပေးပွဲသို့ တပ်မတော်ဖိနပ်စက်ရုံ(လှိုင်းတက်)မှ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများနှင့် မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)