ဆီဆိုင် စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ရေကြီး ရေလျှံမှုဖြစ်ပေါ်ခဲ့သည့်နေရာများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွဋ်ဦး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ဘန်းယဉ်ကျေးရွာအုပ်စု နောင်စန့်ကျေးရွာ၊ ပါမွန်းကျေးရွာနှင့် နောင်မွန်ကျေးရွာအုပ်စု ဝမ့်ပုံးကျေးရွာတို့တွင် ယာယီရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဆေးကုသခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)