ညောင်ဦးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ညောင်ဦး  စက်တင်ဘာ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လယ် ၂ နာရီအချိန်ကလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ အဖွဲ့ဝင်(၁) ဒုတိ ယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရာတွင် ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများ၊ ကျင်းပမည့်နေရာရွေးချယ်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေး ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများထည့်သွင်းကျင်း ပနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသက်နိုင်၊ ညောင်ဦးခရိုင်ပညာရေးမှူး ဦးကျော်ဝင်းနှင့်သက်ဆိုင်ရာဌာနဆိုင်ရာများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း