နမ့်စန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲအကြို ဗိုလ်လုပွဲ(ဆီမီးဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ

နမ့်စန်() စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ (၁၈) ရက်မှ စတင်၍  ကျင်းပလျက်ရှိရာ ယမန်နေ့ညနေပိုင်းက အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ်များကို မြို့နယ်ကျောက်တိုင် အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ညနေ ၃ နာရီချိန်တွင် ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် မက်မွန်မုန်းကျေးရွာ ဘောလုံးအသင်းနှင့် အမှတ်(၅)ကျေးရွာ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မက်မွန်မုန်းကျေးရွာ အသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲ တတိယလုပွဲကို စက်တင်ဘာ (၂၈) ရက်တွင် ကျင်းပ၍ နောက်ဆုံး ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို စက်တင်ဘာလ (၂၉) ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

သူရအောင်(နမ့်စန်)