မိုင်းယန်း စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းပို့ချနေမှု အခြေအနေများအား ယမန်နေ့နံနက် (၁၀) နာရီက တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
သင်တန်းတွင် စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့် တာဝန်များ ဥပဒေပြဋ္ဌာန်းချက်များ၊ လူဦးရေဆိုင်ရာအချက်အလက်များ၊ မေးခွန်းများနှင့် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းစဉ်များ သင်ကြားပို့ချနေမှု အခြေအနေများကို မိုင်းယန်းခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ကျော်နှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သင်တန်းအား သင်တန်းနည်းပြ (၆) ဦးတို့မှ (၁၆-၉-၂၀၂၄) ရက်နေ့မှ (၂၇-၉-၂၀၂၄) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား (၂၂) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းထူး