ကော့ကရိတ်မြို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး

ကော့ကရိတ်  စက်တင်ဘာ ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့ရက်တွင် လာရောက်ထုတ်ယူနိုင်ပါကြောင်း၊ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ပါကြောင်း၊ ပင်စင်လစာ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာများအား အလှည့်ကျစနစ်ဖြင့် အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေး စနစ်တကျဆောင်ရွက်ပေးထားကြောင်းကို ကော့ကရိတ်မြို့မြန်မာ့စီးပွားရေးဘဏ်၏ တာဝန်ရှိသူထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)