တံတားဦး စက်တင်ဘာ ၂၄
၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုသောအားဖြင့် လေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ(မန္တလေး)မှ ရဲတပ်ဖွဲ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုတို့၏ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က စဉ့်ကိုင်မြို့နယ် ခံလူးကျေရွာ တလိုင်းလေးမျက်နှာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာသို့ လေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ( မန္တလေး)မှ ရဲမှူးကြီးထွန်းမြတ်ကျော် ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်(၄၈)ဦး၊ မိသားစုဝင်(၂၁)ဦး စုစုပေါင်း(၇၈)ဦးတို့က စဉ့်ကိုင်မြို့နယ် ခံလူးကျေရွာ တလိုင်းလေးမျက်နှာ ဘုန်းတော်ကြီး ကျောင်းအတွင်းရှိ သစ်ပင်များ၊ ချုံနွယ်များအား စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခြင်းနှင့် ကျောင်းအဝင် လမ်းများပြုပြင်ခြင်းများဆောင်ရွက်ကြရာ လေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ(မန္တလေး)မှ ရဲမှူးကြီး ထွန်းမြတ်ကျော်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ကူညီပံ့ပိုးပေး၍ အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)